Cyber Safety Awareness Night – Burmese

ကျွန်ုပ်တို့၏ကျောင်းတွင် ကျွန်ုပ်တို့၏ကျောင်းသားများကို အွန်လိုင်းကမ္ဘာတွင် ဘေးကင်းပြီး ကျန်းမာသောနည်းလမ်းဖြင့် ကူညီပေးခြင်း၏အရေးကြီးမှုကို ကျွန်ုပ်တို့နားလည်ပါသည်။ နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ကလေးများအား တာဝန်သိပြီး ဒစ်ဂျစ်တယ်နိုင်ငံသားများဖြစ်ရန် လိုအပ်သည့် အရည်အချင်းများ ပေးဆောင်ရန် ယခင်ကထက် ပိုမိုအရေးကြီးလာသည်။

 ဇူလိုင်လ ၃၁ ရက် ကြာသပတေးနေ့ ညနေ ၆း၃၀ မှ ၈း၀၀ နာရီအထိဆိုက်ဘာဘေးကင်းရေးအသိပညာပေးပွဲ’ ကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာကြေငြာအပ်ပါသည်။ ဤအစီအစဉ်သည် ကလေးများ၏ အွန်လိုင်းအသုံးပြုမှုနှင့် ၎င်းတို့၏ အလုံးစုံဒစ်ဂျစ်တယ်ကျန်းမာရေးကို ပံ့ပိုးရန် ‘အစီအစဥ်ပြုလုပ်ခြင်း၊ တားဆီးခြင်းနှင့် ကာကွယ်ခြင်း’ တို့ကို ပြုလုပ်နိုင်ရေး မိသားစုများအား ကူညီပေးနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။

 ထိုညနေပိုင်းအတွက် ကျွန်ုပ်တို့၏ တင်ဆက်သူများသည် ဤနယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်သည့် Cyber ​​Safety Education Project မှဖြစ်ပါမည်။

ညနေအတွက် အစီစဥ်သည်-

ညနေ ၆း၃၀ – မိဘ/အုပ်ထိန်းသူများ ကြွရောက်။ ပေါ့ပေါ့ပါးပါး အကျွေးအမွေးတွေ ကျွေးတယ်။

ညနေ ၆း၄၅ – အပိုင်း ၁ – နှစ်သက်ရာဘာသာစကားအုပ်စုတွင် တင်ပြခြင်း။

ညနေ ၇း၄၅ – အပိုင်း ၂ – Q&A (အမေးအဖြေများ)

ည ၈း၀၀ – ညနေပိုင်း ပြီးဆုံးသည်။

အွန်လိုင်းဘေးကင်းရေး၏ အရေးပါမှုကို အားဖြည့်ပေးပြီး အိမ်တွင် စကားပြောဆိုမှုကို ဆက်လက်ကူညီပေးရန်အတွက် ကျွန်ုပ်တို့၏ ၇တန်း ကျောင်းသားများနှင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် ဆိုက်ဘာဘေးကင်းရေးအသိပညာပေးမှုအား ကျွန်ုပ်တို့လုပ်ဆောင်မည်ဖြစ်ပါသည်။

အစားအသောက် ၊ ကလေးထိန်း နှင့် နေရာထိုင်ခင်း အတွက် စီစဉ်ရမည် ဖြစ်သောကြောင့် တနင်္လာနေ့  ဇူလိုင်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး RSVP(အကြောင်းပြန်ခြင်း)  ပြုလုပ်ရန်မေတ္တာရပ်ခံအပ်ပါသည်။

 ဤသည်မှာ မိဘ/အုပ်ထိန်းသူ အချက်အလက်များ ကဏ္ဍတစ်ခုဖြစ်ပြီး ကျောင်းသားများ တက်ရောက်ရန် မလိုအပ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

သင့်တွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် တုံ့ဆိုင်းမနေပါနှင့်။

သင်၏ဆက်လက်ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါသည်။